“ယီလ်ဒစ်ဇ် ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းများက ခေါ်ယူရန်ကြိုးပမ်းနေ”
24 Nov
ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်တဲ့ ချဲလ်ဆီး၊ မန်ယူ နဲ့ အာဆင်နယ်အသင်း တို့က ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား ယီလ်ဒစ်ဇ် ကိုခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၂၀ နှစ်သာရှိသေးတဲ့ ယီလ်ဒစ်ခ် ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ခြေစွမ်းပြနိုင် ခဲ့သလို ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ ၁၄ ပွဲတွင် သုံးဂိုးသွင်းကာ လေးဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများနဲ့ ဘာစီလိုနာအသင်း တို့ကလည်း ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းက ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ယီလ်ဒစ်ဇ် ကို ရောင်းထုတ်ရန် ဆန္ဒမရှိ သော်လည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းများက ပေါင် ၇၈ သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေတာဖြစ်ပါတယ်။ (NVS-008)
24 Nov