“ချဲလ်ဆီးအသင်း ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လိုကြောင်းပြောခဲ့တဲ့ ကိုင်စီဒို”
24 Nov
ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား ကိုင်စီဒို က အသင်းရဲ့ဂန္ထဝင် ကစားသမားတစ်ဦးဖြစ်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ကိုင်စီဒို အနေနဲ့ ယခုရာသီတွင် ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်မှာ ပွဲစဉ်တိုင်း ပွဲချိန်ပြည့်ပါဝင်ကစားကာ ခြေစွမ်းပြနေပြီး ကစားသမားဟောင်းများဖြစ်ကြတဲ့ ကွန်တေ၊ မက်ခီလီလီ တို့နှင့် နှိုင်းယှဉ် ချီးကျူးခြင်း ခံနေရတာဖြစ်ပါတယ်။ ကိုင်စီဒို ဟာ ၂၀၂၃ နွေရာသီတွင် ဘရိုက်တန်အသင်းထံမှ ပေါင် ၁၀၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ (NVS-008)
24 Nov