“အမေရိကန်က ဗင်နီဇွဲလားစစ်ဆင်ရေးကို နောက်တစ်ဆင့်တက်မည်ဟုဆို”
24 Nov
အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံနှင့်ဆက်စပ်နေသည့် စစ်ဆင်ရေးကို နောက်တစ်ဆင့်သို့ တက်မည် ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူလေးဦး က ပြောသည်ဟု သတင်းဌာနများက ဖော်ပြထားသည်။ အမေရိကန် တပ်မတော်အနေဖြင့် ကာရေဘီယံပင်လယ်အတွင်း စစ်အင်အားကို တိုးမြှင့်ဖြန့်ကြက်ပြီးနောက် ဗင်နီဇွဲလားနိုင်ငံ နှင့် ဆက်ဆံရေးတင်းမာမှုများ ပိုမိုမြင့်တက်လာနေစဉ် အမေရိကန်တာဝန်ရှိသူများက ယခုကဲ့သို့ ပြောလာခြင်း ဖြစ် သည်။ အမေရိကန်ဘက်က လုပ်ဆောင်လျက်ရှိသော လျှို့ဝှက်စစ်ဆင်ရေးများသည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ် မာဒူရို အပေါ်လုပ်ဆောင်သည့် စစ်ဆင်ရေးပထမအဆင့်ဖြစ်မည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြော သည်။ ထို့ပြင် အမေရိကန်သမ္မတသည် နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများဝင်ရောက်မှုကို တားဆီးနိုင်ရေးနှင့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်နေသူများကို အပြစ်ပေးနိုင်ရေးအတွက် လုပ်ဆောင်သင့်သည့်အရာများအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အမေရိကန်နိုင်ငံသို့ ဝင်ရောက် နေသည့် မူးယစ်ဆေးဝါးများသည် ဗင်နီဇွဲလားနိုင်ငံမှဖြစ်ကြောင်း တာဝန်ရှိသူများက ပြောထားသည်ဟု ST သတင်း ဌာနဖော်ပြချက်အရ သိရသည်။