“တရုတ်နိုင်ငံက နျူကလီးယားပေါက်ကွဲမှုဒဏ်ခံဘန်ကာပါသည့် ကမ္ဘာ့ပထမဆုံးရေပေါ်ကျွန်းတုကို တည်ဆောက်”
24 Nov
တရုတ်နိုင်ငံက နျူကလီးယားပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည့် ဘန်ကာပါဝင်သော ကမ္ဘာ့ပထမဆုံး ရေပေါ်ကျွန်းတုကို တည်ဆောက်နေကြောင်းနှင့် ယင်းကျွန်းတုသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း အင်အားပြိုင်ဆိုင်မှုကို ပိုမိုအားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။ အလေးချိန်အားဖြင့်တန်ချိန် ၇၈,၀၀၀ ရှိကာ ကိုယ်ထည်နှစ်ခုတွဲအပေါ်တင်ထားသည့် အဆိုပါရေပေါ်ကျွန်းတုသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရေတပ်ရှိ ဖူးကျန့်လေယာဉ်တင်သင်္ဘော၏အလေးချိန်နှင့်အတူတူပင် ဖြစ်သည်။ ထို့ပြင် ရေပေါ် ကျွန်းတု၌ အလုပ်သမား ၂၃၈ ဦးအနေဖြင့် နောက်ထပ်ထောက်ပံ့မှုများမလိုဘဲ လေးလကြာ အလုပ်လုပ်နိုင်မည် သာမက ၎င်းအောက်၌နျူကလီးယားပေါက်ကွဲမှုကိုခံနိုင်ရည်ရှိသော ဘန်ကာကို ထည့်သွင်းတည်ဆောက်ထားသည်။ ယင်းရေပေါ်ကျွန်းတုသည် အလွန်ခိုင်မာအားကောင်းသော အဆောက်အအုံတစ်ခု ဖြစ်ကြောင်း၊ ၎င်းတွင် အရေးပေါ်စွမ်းအင်စနစ်၊ ဆက်သွယ်ရေးစနစ်နှင့် လမ်းကြောင်းပြထိန်းချုပ်မှုစနစ်တို့ပါဝင်သော အရေးပါသည့် အခန်းများစွာကိုပါ ထည့်သွင်းထားကြောင်း၊ ထိုအခန်းများကလည်း နျူကလီးယားပေါက်ကွဲမှုဒဏ်ကိုခံနိုင်သည့် အခန်းများဖြစ်ကြောင်း၊ ထိုရေပေါ်ကျွန်းတုသည် အမျိုးသားအဆင့်စီမံကိန်းတစ်ခုဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောသည်ဟု SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။