“ပေါ်ဆန်းဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် နိုဝင်ဘာလ ၂၆ ရက်မှစ၍ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချ ပေးမည်”
24 Nov
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပေါ်ဆန်းဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် နိုဝင်ဘာလ ၂၆ ရက်မှစ၍ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူအိမ်ထောင်စုများလက်ဝယ်သို့ အိတ်အကြီး (၁၀၈ ပေါင် - ၂၄ ပြည်)ကို အိမ်အရောက်ပို့စနစ် (Home Delivery) ၊ အိတ်အသေး (10 Kg, 5 Kg) များအား ရပ်ကွက်များ၊ဈေးများသို့ လှည့်လည်ရောင်းချခြင်းဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်(ရွှေဘိုပေါ်ဆန်း/ဧရာဝတီပေါ်ဆန်း) သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူများ/ လက်လီဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင် နှင့်ဆက်သွယ်ပြီး အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ မိမိတို့ လက်ဝယ်သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးကြေညာထား ပါတယ်။ ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၄-၁၀-၂၀၂၄) ရက်စွဲပါ အမိန့်အမှတ် (၈၂/ ၂၀၂၄)အရ စီးပွားရေးအလို့ငှာဆန်စပါးသိုလှောင်မှုကိုမြန်မာဆန်စပါးအွန်လိုင်း (MyRO) www.myro.com.mm တွင် မှတ်ပုံတင်ရမှာဖြစ်တာကြောင့် သိုလှောင်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများအနေနဲ့ MyRO စနစ်တွင် မှတ်ပုံတင် ရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း ၁ ရက်မှ ၇ ရက်အတွင်း MyRO တွင် စာရင်း ထည့်သွင်းခြင်းတို့ကို မပျက်မကွက်လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံအသိပေးထားကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။ (NVS-004)