“ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၁၆ တွဲ ရောင်းချနိုင်ခဲ့”
24 Nov
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသော အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၄၀ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ပြပွဲ အဋ္ဌမနေ့တွင် ရောင်းချမည့်ကျောက်စိမ်းအတွဲအမှတ်များမှာ ၂၉၀၁ မှ ၃၆၅၀ အထိဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကာ ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံများအတွင်း ထည့်သွင်းခဲ့ကြပါတယ်။ ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးနိုင်ခဲ့ပါတယ်။ ကျောက်စိမ်းအုပ်စု (အေ၊ ဘီ နှင့် စီ) အတွဲပေါင်း ၅,၀၅၈ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးလျက် ရှိပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာလ ၂၆ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရပါတယ်။ အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင် ပြည်ပရတနာကုန်သည်များအနေနဲ့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများနဲ့ ပေးချေ ဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းရတနာကုန်သည်များအတွက် မြန်မာကျပ်ငွေနဲ့ ပေးချေဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)