“ပြည်ပသို့ ငါးတန်ချိန် ၁၆၀,၀၀၀ ကျော် ၇ လအတွင်း တင်ပို့ထား”
24 Nov
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက် ရှိရာ ငါးတစ်မျိုးတည်းကို မက်ထရစ်တန် ၁၆၅,၁ဝ၉ ဒသမ ၃၈၇ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂ဝ၁ ဒသမ ဝ၉၇ သန်း ရရှိထားကြောင်း သိရပါတယ်။ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုဖြစ်သည့် ပင်လယ်ရေကြောင်းမှ ငါးမက်ထရစ်တန် ၈၅,၇၅၆ ဒသမ ၉၁ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ငါးမက်ထရစ်တန် ၇၉,၃၅၂ ဒသမ ၄၇၇ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၅၁ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ အနေဖြင့် ငါးအပါအဝင် အခြားရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကာ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ ပြည်ပနိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့ နေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)