“မော်လမြိုင်တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ ၁ ရက်တွင် စတင်မည်”

24 Nov

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ဝိုင်းတောင်တက်လမ်းလျှောက်ရာသီ ကို ဒီဇင်ဘာလ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရပါတယ်။ တောင်ဝိုင်းသာသနာပြုဆရာတော် အရှင် စန္ဒာဇောတိ က ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းကစ၍ ပြည်သူလူထုကျန်းမာရေး တောင်တက်လမ်းလျှောက်ပွဲနှင့် ဘုရားဖူးရာသီကို စတင်မည်ဟု မိန့်ကြားခဲ့ခြင်းဖြစ်ပါတယ်။ နှစ်စဉ်ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ တောင်တက်ရာသီအဖြစ် သတ်မှတ်ထားပြီး တောင်တက်ရာသီ အတွင်း နံနက် ၄ နာရီမှစတင်၍ နံနက် ၉ နာရီအထိ လမ်းလျှောက်တက်ရမည်ဖြစ်ကာ ယင်းအချိန်အတွင်း ကား၊ ဆိုင်ကယ်၊ စက်ဘီးများကို တောင်ပေါ်တက်ရောက်ခွင့် ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် လမ်းလျှောက်တောင်တက်သူများ၏ ကားနှင့်ဆိုင်ကယ်များကို တောင်တက်လမ်းအဝင်၌ အခမဲ့အပ်နှံနိုင်ရန် စီစဉ်ထားရှိပြီး လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် မေတ္တာရပ်ခံထားပါတယ်။ ဈေးသည်များအနေနဲ့ လမ်းလျှောက်သူများကို အနှောင့်အယှက်မဖြစ် စေရန် ကွန်ကရစ်လမ်းပေါ်တွင် ဈေးရောင်းချခွင့်မရှိဘဲ တောင်ခြေမြေပြင်၌သာ ရောင်းချရမှာဖြစ်ကာ အရက်၊ ဘီယာနှင့် ညှော်နံ့ထွက်သည့် အစားအသောက်များကို ရောင်းချခွင့်မပြုကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းက စည်းကမ်းထုတ်ပြန်ထားပါတယ်။ (NVS-004)

24 Nov

ADVERTISE HERE .