“ဆီစက်လုပ်ငန်းများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ချေးငွေများကို ပုဂ္ဂလိကဘဏ် ၁၄ ခုနှင့် ချိတ်ဆက် ထုတ်ချေးပေးမည်”

24 Nov

နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနေသော ဆီစက်များအသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၅၀ မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိ ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန က သိရပါတယ်။ ယခင်က ချေးငွေထုတ်ချေးခြင်းကို မြန်မာစီးပွားရေး ဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များနဲ့သာ ဆောင်ရွက်ခဲ့ရာမှ ယခု PFI ဘဏ်များအဖြစ် ပုဂ္ဂလိက ဘဏ် ၁၄ ဘဏ် ပါဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ချေးငွေပမာဏကိုလည်း ယခင်က ဆီစက်လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်း ၃,၀၀၀ ထိသာ ထုတ်ချေးခဲ့ရာမှ ယခုငွေကျပ်သိန်း ၅,၀၀၀ အထိ တိုးမြှင့်ထုတ်ချေး ခွင့်ပြုထားပြီး ဆီစက်အကြီးများ တည်ဆောက် တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း ၁၀,၀၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားခဲ့ခြင်းပါတယ်။ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကိုလည်း နိုဝင်ဘာလ ၂၂ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ (NVS-004)

24 Nov

ADVERTISE HERE .