ဂျရေမီဂျက်ကေး ကို ခေါ်ယူရန် မန်ယူအသင်းစိတ်ဝင်စား
23 Nov
မန်ယူအသင်းက ရင်းနက်စ်အသင်းရဲ့ နောက်ခံကစားသမား ဂျရေမီဂျက်ကေး ကို ခေါ်ယူရန် စိတ်ဝင်စား လျက်ရှိပါတယ်။ အသက် ၂၀ နှစ်အရွယ် နောက်ခံကစားသမား ဂျရေမီဂျက်ကေး က အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာကြောင့် မန်ယူအသင်းကခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ ရင်းနက်စ်အသင်းကလည်း ဂျရေမီဂျက်ကေး အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက မည်သည့်အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ ဆောင်းရာသီဈေးကွက်အတွင်းမှာ ရင်းနက်စ်အသင်းထံမှ ဂျရေမီဂျက်ကေး အား ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (NVS 008)
23 Nov