မန်ယူအသင်းက မက်ဂွိုင်းယား ရဲ့နေရာမှာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ ဂူဟီ နဲ့ အစားထိုးရန်ပြင်ဆင်

23 Nov

မန်ယူအသင်းက ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ခံစစ် ကစားသမား မက်ဂွိုင်းယား ရဲ့နေရာမှာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ ခံစစ်ကစားသမား ဂူဟီ နဲ့ အစားထိုးရန် ပစ်မှတ် ထားနေကြောင်း သိရပါတယ်။ မန်ယူအသင်းနဲ့ မက်ဂွိုင်းယား တို့ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မက်ဂွိုင်းယား က သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုသော်လည်း မန်ယူအသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အစီအစဉ်မရှိဘဲ ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်သွားဖွယ်ရှိနေပါတယ်။ မက်ဂွိုင်းယား ဟာ ၂၀၁၉ ခုနှစ်က လက်စတာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရတာကြောင့် မန်ယူအသင်းက ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက ဂူဟီ ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့်အခွင့်အရေး ရှိနေသည့်အတွက် မက်ဂွိုင်းယား ၏ နေရာတွင် အစားထိုးရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး လက်ရှိတွင် ဂူဟီ ကို မန်ယူအသင်းအပြင် လီဗာပူးလ်၊ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်အသင်း တို့ကလည်း ခေါ်ယူရန်ပစ်မှတ်ထားနေတာဖြစ်ပါတယ်။(NVS 008)

23 Nov

ADVERTISE HERE .