တိုက်စစ်မှူး တိုနေး က လုပ်ခလစာ ၅၀ ရာခိုင်နှုန်းလျှော့ယူ၍ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်
23 Nov
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းတွင် ကစားနေသည့် တိုက်စစ်မှူး တိုနေး က ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ရန်အတွက် လုပ်ခလစာ ၅၀ ရာခိုင်နှုန်းထိ လျှော့ယူမည်ဖြစ်ကြောင်း Espn သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူး တိုနေး က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နည်းပြ တူချယ် ရဲ့ အင်္ဂလန်အသင်း လူစာရင်း၌ ပါဝင်ခွင့်ရရန် ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရမှာဖြစ်တာကြောင့် လက်ရှိ တစ်ပတ်လုပ်ခလစာ စတာလင် ပေါင် ၂၀ဝ,၀၀၀ နီးပါးကို တစ်ဝက်လျှော့ယူ၍ အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ စပါးအသင်းနည်းပြ ဖရန့် က တိုနေး ကို အထောင်တိုက်စစ်ပိုင်းတွင် အသုံးပြုလိုသည့်အတွက် ပရီးမီးယားလိဂ်သို့ ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။ တိုနေး အနေနဲ့ လုပ်ခလစာလျှော့ယူကာ ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် စပါးအသင်းသို့ ရောက်ရှိနိုင်ဖွယ် ရှိပါတယ်။ တိုနေး ဟာ ဘရန့်ဖို့ဒ်အသင်းမှ အယ်အာလီအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၁ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနှင့်ပြိုင်ပွဲစုံ ၅၉ ပွဲတွင် သွင်းဂိုး ၄၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်း နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)