ရတနာပုဏ္ဏဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(မန္တလေး) အကြိမ်(၃၀)မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
23 Novအမရပူရခရိုင် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်အပ်သော ရတနာ ပုဏ္ဏဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော်(မန္တလေး)၏ အကြိမ်(၃၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းက စွယ်တော်မြတ်စေတီ တော်ရင်ပြင်တွင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ၊ ရက်ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ လုပ်အားဒါနပြုကြသူများ၊ ဧည့်ပရိသတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော် ဗုဒ္ဓမြတ်စွာ ဘုရားအား ဖူးမြော်ကြည်ညိုကြပြီး အကြိမ်(၃၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဘာသာရေးယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင်နှင့် မြန်မာ့ရိုးရာလက်မှုပညာ တိမ်မြှုပ်ပျောက်ကွယ်မသွားစေရန် ယခုကဲ့သို့ ရွှေကြာသင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ပွဲမျိုးကို ဖော်ထုတ်အားပေးကာ စဉ်ဆက်မပြတ် ကျင်းပပေးခြင်း ဖြစ်ပါကြောင်း၊ မွန်မြတ်သည့်ကုသိုလ်မျိုးကို ဆောင်ရွက်ခွင့်ရသည့်အပြင် ဘာသာရေးအမွေအနှစ်များ၊ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းဆက်လက်ထိန်းသိမ်းသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)