ကြွက်သားဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိတဲ့ မီလီတို

21 Nov

ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံကစားသမား မီလီတို ဟာ ကြွက်သား ဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ အဆိုပါ နောက်ခံကစားသမား မီလီတို ဟာ နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်အသင်း အတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ မီလီ တို ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရလို့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိ နောက်ခံကစားသမား မီလီတို အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၈၆ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့တာ ဖြစ်ပါတယ်။(NVS 008)

21 Nov

ADVERTISE HERE .