ဖူလ်ဟမ်အသင်းက နည်းပြ မာကိုဆေးလ်ဗား ကို သုံးနှစ်စာချုပ်ဖြင့် သက်တမ်းတိုးရန်ကမ်းလှမ်း

21 Nov

ဖူလ်ဟမ်အသင်းက အသင်းနည်းပြ မာကိုဆေးလ်ဗား ကို နောက်ထပ်သုံးနှစ်အထိ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဖူလ်ဟမ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ ရလဒ်များကောင်းမွန်ခြင်း မရှိသော်လည်း အသင်းနည်းပြ မာကိုဆေးလ်ဗား ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နည်းပြ မာကိုဆေးလ်ဗား အနေနဲ့ ဖူလ်ဟမ်အသင်းကို ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်ကိုင်တွယ်ပြီး ပြိုင်ပွဲ ၁၉၈ ပွဲ တွင် ၈၆ ပွဲ နိုင်၊ ၄၃ ပွဲ သရေ၊ ၆၉ ပွဲ ရှုံး ရလဒ်ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းက နည်းပြ မာကိုဆေးလ်ဗား ကို သုံးနှစ်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားကြောင်းနဲ့ သူဟာ အသင်းအတွက် နည်းပြကောင်းတစ်ယောက်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။(NVS 008)

21 Nov

ADVERTISE HERE .