ဆန်ချို ကိုခေါ်ယူရန် တူရကီကလပ်အသင်းများ အပြိုင်စိတ်ဝင်စား

21 Nov

တူရကီကလပ်အသင်းများဖြစ်တဲ့ ဂါလာတာစာရေး၊ ဖီနာဘာချီ နဲ့ ဘီဆစ်တပ်စ် စတဲ့ အသင်းများက မန်ယူအသင်းမှ ထွက်ခွာဖို့ရှိနေတဲ့ တောင်ပံကစားသမား ဆန်ချို ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိပါတယ်။ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမား ဆန်ချို ဟာ ယခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းမှ အက်စတွန်ဗီလာအသင်းသို့ အငှားပြောင်းရွှေ့ကစားခဲ့ပြီး ပြိုင်ပွဲစုံ ရှစ်ပွဲကစားအပြီးမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် တူရကီကလပ်အသင်းများက ခေါ်ယူရန်အတွက် အပြိုင်စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။ မန်ယူအသင်းကလည်း ဆန်ချို ကို လာမည့်ဆောင်းရာသီဈေးကွက်မှာ အသင်းမှ ထွက်ခွာခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။(NVS 008)

21 Nov

ADVERTISE HERE .