အဲဗာတန်အသင်း တိုမီနေး ကိုခေါ်ယူရန်စီစဉ်
21 Nov
အဲဗာတန်အသင်းက နာပိုလီအသင်း ကွင်းလယ်ကစားသမား တိုမီနေး ကိုခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမား တိုမီနေး ဟာ နာပိုလီအသင်းနှင့်အတူ ၂၀၂၄-၂ဝ၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲ ၅ဝ ကစားပြီး ၁၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အဲဗာတန် အသင်းက ခေါ်ယူရန်စီစဉ်လာခြင်းဖြစ်ပါတယ်။ နာပိုလီအသင်းကလည်း တိုမီနေး အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၂ သန်း ပေးချေပါက ရောင်းချသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။(NVS 008)
21 Nov