နေမာ အကောင်းဆုံးပုံစံ ပြန်ရရှိရန်မျှော်လင့်ကြောင်း အန်ဆယ်လော့တီ ပြော

21 Nov

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီ က နာမည်ကျော်တိုက်စစ်ကစားသမား နေမာ အကောင်းဆုံးပုံစံ ပြန်ရရှိရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ နေမာ အနေနဲ့ ဘရာဇီးလ်အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသည့် ကစားသမား ဖြစ်သော်လည်း လက်ရှိအချိန်တွင် အန်ဆယ်လော့တီ က အသင်းလူစာရင်းတွင် ထည့်သွင်းရွေး ချယ်ထားခြင်း မရှိတာဖြစ်ပါတယ်။ နေမာ ဟာ ကလပ်အသင်းဖြစ်တဲ့ ဆန်းတို့စ်အသင်းတွင်လည်း ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းအတွက် ကစားခွင့်ရရန်မလွယ်ကူကြောင်း သုံးသပ်မှုများလည်း ရှိနေတာဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ က နေမာ ဟာ ဘရာဇီးလ်ဘောလုံးလောကရဲ့ ဂန္ထဝင်တစ်ယောက်ဖြစ်တာကြောင့် လူတိုင်းက နေမာ ကို အကောင်းဆုံးကြံ့ခိုင်မှုအနေအထားနဲ့ အကောင်းဆုံးပုံစံပြန်ရဖို့ မျှော်လင့်နေကြပြီး အရည်အသွေးတစ်ခုတည်းတင်မဟုတ်ဘဲ ကြံ့ခိုင်မှုအနေအထားရော စိတ်ဓာတ်ပြင်းပြမှုပါ လိုအပ်ကြောင်းနဲ့ နေမာ အကောင်းဆုံးပုံစံပြန်ရဖို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

21 Nov

ADVERTISE HERE .