“အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်”
21 Nov
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်း အနုပညာဒီပလိုမာနှင့် အသိအမှတ်ပြု အနုပညာအောင်လက်မှတ်ရသင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ သင်တန်းသို့တက်ရောက်လိုသူများအနေနဲ့ အနိမ့်ဆုံးပညာအရည်အချင်း သတ်မှတ်ချက်မှာ အခြေခံပညာအထက်တန်း Grade 12 သို့မဟုတ် ဒသမတန်း တက်ရောက်ခဲ့သူဖြစ်ရပါမည်။ ယခုအခါမှာ မြန်မာနိုင်ငံရှိ အခြေခံပညာ (မူလတန်း၊ အလယ်တန်း)ဖြင့် ကျောင်းထွက်ထားသူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေရန် ဂီတပညာဌာနက စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယောနှင့် အဆို ဘာသာရပ်များ၊ သဘင်ပညာဌာနက မြန်မာ့ရိုးရာရုပ်သေးပညာနှင့် မြန်မာ့ရိုးရာ အကပညာ၊ ပန်းချီပညာဌာနက အခြေခံပန်းချီပညာ၊ ခဲပန်းချီနှင့် ရေဆေးပန်းချီရေးဆွဲနည်း၊ ပန်းပုပညာဌာနက အခြေခံ ပန်းပုပညာ၊ မြန်မာ့ရိုးရာ ပန်းပုနှင့် ပန်းပု ပုံဖော်နည်းပညာများကို သင်ကြားပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်း နှင့်ပြည့်စုံ၍ သတ်မှတ် ကာလပြီးမြောက်ပါက အသိအမှတ်ပြုအနုပညာအောင်လက်မှတ်ပေးအပ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ သင်တန်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားလိုသူများအနေနဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သင်တန်းရေးရာဌာန၊ ဖုန်း ၀၉-၄၂၁၀၁၂၈၀၈၊ ၀၉-၇၈၈၁၈၉၁၈၀၊ ၀၉-၂၅၀၀၈၈၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS-004)