“အစားအသောက်ပွဲတော် (Myanmar FoodBev 2025) ကျင်းပ”
21 Nov
Myanmar FoodBev 2025 အစားအသောက်ဆိုင်ရာပွဲတော်ကို Myanmar Retail Sourcing Expo 2025 နှင့်အတူ မြန်မာနိုင်ငံတွင် (၇)ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် (ယနေ့)မှ ၂၃ ရက်အထိ ကမ္ဘာအေးစေတီလမ်းရှိ မြန်မာပလာဇာတွင် နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီအတွင်း ကျင်းပ သွားလျက်ရှိပါတယ်။ ပွဲတော်တွင် အသင့်စားအစားအစာများနှင့် ထုပ်ပိုးထားသည့် အစားအစာများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ၊ ဖြည့်စွက်စာများ၊ ကျန်းမာနုပျိုစေသည့် ဆေးများနှင့် အသင့်သောက်သုံးနိုင်သည့်ဖျော်ရည်များ စတဲ့ ထုတ်ကုန်အမျိုးအစားပေါင်းများစွာ ပါဝင်သည့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများစွာကို တစ်နေရာတည်းတွင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ Myanmar FoodBev 2025 ပွဲတော်က ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် လာရောက် ဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မီ ပြပွဲတစ်ခုဖြစ်ပြီး အစားအသောက်မျိုးစုံအပြင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်း များစွာကို စိတ်ပါဝင်စားလိုသူများအနေနဲ့ လာရောက်ကြည့်ရှု ခံစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)