“ဆာကာ ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် နီးစပ်နေ”

21 Nov

အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံတိုက်စစ်မှူး ဆာကာ ကို ၂၀၃၀ အထိ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီး ဆွေးနွေးမှုက နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၂၅ မကုန်ခင်မှာ ဆာကာ ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဆာကာ ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်လို့ စိတ်ပူစရာမရှိပေမယ့် အာဆင်နယ် အသင်းကတော့ သူတို့ရဲ့ အားထားရတဲ့ တောင်ပံကစားသမားကို ကာလရှည်ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို အသက် ၈ နှစ်ထဲကရောက်နေတဲ့ ဆာကာ ဟာ အသင်းအကယ်ဒမီကနေ အသင်းကြီးဆီကို အရောက်လှမ်းလာနိုင်တာဖြစ်ပါတယ်။ ဆာကာ ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းမှာ ဆက်နေပြီး အသင်းနဲ့အတူ ဆုဖလားတွေရယူနိုင်ဖို့ကို ဆန္ဒရှိတယ်လို့ အခုနှစ်အစပိုင်းမှာ ပြောကြားထားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆာကာ ဟာ လက်ရှိအချိန်အထိ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလား တစ်ခုတည်းသာ ရရှိထားပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ၁၃ ဂိုး ဖန်တီးပေးထားတဲ့ ဆာကာ ဟာ အခုရာသီမှာလည်း ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၆ ဂိုးသွင်းယူပေးထားပါတယ်။ (NVS-008)

21 Nov

ADVERTISE HERE .