“အာဖရိကအကောင်းဆုံးဆုကိုရရှိခဲ့တဲ့ ဟာကီမီ”

21 Nov

၂၀၂၅ အာဖရိကတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ဗုဒ္ဓဟူးညက မော်ရိုကိုနိုင်ငံ ရာဘတ်မြို့မှာ ပေးအပ်ခဲ့ရာ မော်ရိုကိုအသင်းနဲ့ ပီအက်စ်ဂျီအသင်းနောက်ခံလူ ဟာကီမီ က ရရှိသွားပါတယ်။ ညာနောက်ခံလူ ဟာကီမီ ဟာ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်ရှ်၊ ဂါလာတာစာရေး အသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုစီမန် တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဟာကီမီ က ဒီလိုဂုဏ်ယူစရာကောင်းတဲ့ဆုကို လက်ခံရရှိတဲ့အတွက် အရမ်းကိုပျော်ရွှင်ရသလို ဒီဆုက အာဖရိကမှာ ဘောလုံးကစားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတိုင်းကို ရည်ရွယ်ပါတယ်လို့ ဆုလက်ခံရယူအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ ဟာကီမီ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်မှု အပါအဝင် ဆုဖလား ၅ ခုအထိ ရယူပေးနိုင်ခဲ့သလို မော်ရိုကိုလက်ရွေးစင်အသင်းနဲ့လည်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS-008)

21 Nov

ADVERTISE HERE .