“ဂျူဗင်တပ်နောက်ခံလူ ရူဂါနီ ကြွက်သားဒဏ်ရာကြောင့် ၄ ပတ်ခန့်နားရမည်”

21 Nov

လေ့ကျင့်ရေးကွင်းမှာ ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ ဂျူဗင်တပ်အသင်းကစားသမား ရူဂါနီ ဟာ ရက်သတ္တပတ် ၄ ပတ်ခန့် နားရမှာဖြစ်တယ်လို့ သိရပါတယ်။ ဗဟိုနောက်ခံလူ ရူဂါနီ ရဲ့ ဒဏ်ရာကို ပြီးခဲ့တဲ့ရက်ပိုင်းက အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ညာဘက်ခြေထောက် ကြွက်သားမှာ အသေးစားဒဏ်ရာကို တွေ့ရှိခဲ့လို့ အများဆုံး ၄ ပတ်ခန့်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ရူဂါနီ ရဲ့ ဒဏ်ရာက ပြင်းထန်ခြင်းမရှိတာဖြစ်လို့ ဂျူဗင်တပ်နည်းပြ စပယ်လက်တီ အတွက် စိတ်သက်သာစရာ သတင်း ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ရူဂါနီဟာ ဂျူဗင်တပ်အသင်းရဲ့ နိုဝင်ဘာလအတွင်း ကစားရမယ့် ပွဲတွေအပြင် ဒီဇင်ဘာလဆန်းပိုင်း ပွဲတွေကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။ ရူဂါနီ အနေနဲ့ ဒီဇင်ဘာလဒုတိယပတ်လောက်မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ကို ဂျူဗင်တပ်အသင်းက မျှော်လင့်ထားပြီး ဒီဇင်ဘာနှောင်းပိုင်းမှာ ကစားရမယ့် ပွဲစဉ်တွေမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ (NVS-008)

21 Nov

ADVERTISE HERE .