“မြောက်အိုင်ယာလန်အသင်းကို လျှော့မတွက်ဖို့ အီတလီကစားသမားတွေကို သတိပေးခဲ့တဲ့ နည်းပြ ဂတ်တူဆို”
21 Nov
အီတလီလက်ရွေးစင်အသင်းနည်းပြ ဂတ်တူဆို က ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန်အသင်းကို လျှော့မတွက်ဖို့ ကစားသမားတွေကို သတိပေးခဲ့ပါတယ်။ အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စုအဆင့်မှာ နော်ဝေရဲ့နောက် ဒုတိယသာ ရရှိခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ဘဲ Play-offs အဆင့် ထပ်မံကစားရမှာဖြစ်ပါတယ်။ Play-offs အဆင့်မှာ အီတလီအသင်းဟာ မြောက်အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲတွေကို တစ်ကျော့စီသာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အီတလီအသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက် လှမ်းနိုင်ဖို့ အနည်းငယ်သာလိုတော့တာ ဖြစ်ပါတယ်။ အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု (၄) ကြိမ်ရရှိထားတဲ့ အသင်းဖြစ်ပေမယ့် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ဘဲ ၂၀၁၈ ကမ္ဘာ့ဖလား Play-offs အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့သလို၊ ၂၀၂၂ မှာလည်း Play-offs အဆင့်မှာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့ရပါတယ်။ (NVS-008)