“ကမ္ဘာ့ဖလားချန်ပီယံဆုကို နောင်တစ်ချိန်မှာ အာဖရိကအသင်းတစ်သင်း ရယူနိုင်လိမ့်မယ်လို့ အာဖရိကဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား”
21 Nov
ကမ္ဘာ့ဖလားချန်ပီယံဆုကို နောင်တစ်ချိန်မှာ အာဖရိကအသင်းတစ်သင်းရယူနိုင်လိမ့်မယ်လို့ အာဖရိက ဘောလုံးအဖွဲ့ချုပ်(CAF)ဥက္ကဋ္ဌ ပတ်ထရစ်မော့ဆီပီ က 2025 CAF Awards အခမ်းအနားမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ 2025 CAF Awards ဆုပေးပွဲမှာ ၂၀၂၅ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို PSG အသင်းက မော်ရိုကိုကစားသမား ဟာကီမီ က ရရှိခဲ့ပြီး ဟာကီမီ ကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အဆင်သင့် ဖြစ်စေလိုကြောင်း မော့ဆီပီ က ပြောကြားခဲ့ပါတယ်။ ဟာကီမီ က လက်ရှိအချိန်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိနေတာကြောင့် ကုသမှုခံယူနေရပြီး ၂၀၂၅ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ပါ့မလားဆိုတာ မသေမချာဖြစ်နေပါတယ်။ (NVS-008)
21 Nov