“တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ရန် ယနေ့နောက်ဆုံးဖြစ်”
21 Nov
မဲစာရင်းပါရှိသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်မည့်အချိန်က နိုဝင်ဘာလ ၂၁ ရက် ယနေ့မှာ နောက်ဆုံးမဲအေးရမည့် ရက်ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်မဲပေးနိုင်တဲ့အချိန်ကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက် အထိ သတ်မှတ်ထားပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သက်ဆိုင်ရာမြို့နယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ရမည်ဆိုပါက ဆန္ဒမဲပေးခြင်းကို မဲစာရင်းပါရှိရာ ရပ်ကွက်၊ ကျေးရွာ များတွင် ကြိုတင်မဲပေးရမည် ဖြစ်ပါတယ်။ အခုလိုမဲပေးရာမှာ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာလ ၂၈ ရက်က သက်ဆိုင်ရာကျောင်းများမှာ ပညာသင်ကြားနေမယ့်အချိန်ဖြစ်တာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရမဲပေးခွင့်ရှိတဲ့ ကျောင်းသား၊ကျောင်းသူ များ မဲပေးခွင့်မဆုံးရှုံးစေရန် အထက်ပါအတိုင်းစီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS-004)