“ဒုတိယအကြိမ် မဲစာရင်းကို နိုဝင်ဘာလ ၂၁ ရက်မှစတင်ကာ ၁၄ ရက်ကြာကပ်ထားမည်”

21 Nov

လာမည့်ဒီဇင်ဘာလ ၂၈ ရက်မှစတင်ကာကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အတွက် ဒုတိယအကြိမ်မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်(ယနေ့)မှစတင်၍ ဒီဇင်ဘာလ ၄ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရပါတယ်။ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှာ ထပ်မံကပ်ထား ကြေညာမည်ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှာ ကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများမှာ မဲစာရင်းကြည့်ရှုနိုင်ရေးအတွက် ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြည့်စုံမှန်ကန်သောမဲစာရင်းရရှိရန် ဒုတိယအကြိမ်မဲစာရင်းကပ်၍ ကြေညာထားမှုကို အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုကြရန် UEC ကမေတ္တာရပ်ခံထားကြောင်း သိရပါတယ်။ ဒါ့အပြင် မဲစာရင်းမှာ အမည်မပါသူများအနေနဲ့ ပုံစံ(၃)ဖြည့်သွင်း၍ အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄–ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ထို့အတူ လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကာ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း(တတိယ) အကြိမ် ကပ်ထားကြေညာခြင်းကို ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ်ထပ်မံကပ်ထားကြေညာမယ်လို့ သိရပါတယ်။ (NVS-004)

21 Nov

ADVERTISE HERE .