“၂၀၂၄ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲကျင်းပ”

21 Nov

နေပြည်တော်မှာ နိုဝင်ဘာလ ၂၀ ရက်နံနက်ပိုင်းက ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီးတို့ တက်ရောက်ခဲ့ပါတယ်။ အနိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီးတို့က အမျိုးသားစာပေဆုအထိမ်းအမှတ် ပြခန်း၊ ၂၀၂၄ ခုနှစ်အတွက် ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်များ၊ အင်းဝခေတ် မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုပြခန်း၊ စာပေဆိုင်ရာပြခန်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ AI ပြခန်း တို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် အခမ်းအနားမိန့်ခွန်းပြောကြားရာ၌ ပညာရေးတွင် အသိပညာ၊ အတတ်ပညာနှင့် အတန်းပညာ မြင့်မားရေးတို့ အားလုံးအကျုံးဝင်ကာ ပညာရေး၏ အခြေခံအကျဆုံးသည်စာပေဖြစ်၍ စာပေကသာ ပညာကိုပေးစွမ်းခြင်း ဖြစ်သည့်အပြင် စာပေသည် နိုင်ငံနှင့် လူမျိုး၏ ကြေးမုံပြင်လည်းဖြစ်သည်ဟုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူမျိုးတစ်မျိုး၏ အခြေအနေနှင့်အဆင့်အတန်းကို ယင်းလူမျိုး၏ စာပေကိုလေ့လာခြင်းဖြင့် သိရှိနိုင်သလို နိုင်ငံတစ်နိုင်ငံ၏ စာပေအဆင့်အတန်းမြင့်မားခြင်း၊ ကျဆင်းခြင်းသည်လည်း ယင်းနိုင်ငံမှ လူ့အဖွဲ့အစည်း၏ အဆင့်အတန်းမြင့်မားခြင်း၊ ကျဆင်းခြင်းများနှင့်လည်းဆက်နွယ်နေသဖြင့် တိုးတက်သည့်နိုင်ငံတိုင်းက စာပေကို အလေးထားဆောင်ရွက်ပြီး စာကောင်းပေမွန်များရေးသားပြုစုကြသော စာပေပညာရှင်ကြီးများကို ချီးမြှောက် ဂုဏ်ပြုကြ ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ယာယီသမ္မတနှင့် ဇနီးတို့က ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရရှိခဲ့ကြတဲ့ စာပေပညာရှင်ကြီး ၅ ဦးကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)

21 Nov

ADVERTISE HERE .