“နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့် ဆက်လက်တည်ရှိနေ”

21 Nov

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေ အနေသို့ရောက်ရှိနေပြီး နိုင်ငံတကာ မိုးလေဝသဌာန များ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ နိုဝင်ဘာလနောက်ဆုံး ၁၀ ရက်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့် အခုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။ လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်တဲ့အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပါတယ်။ (NVS-004)

21 Nov

ADVERTISE HERE .