“နိုင်ငံဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းပြီး ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန်လိုအပ်”
21 Nov
ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး က ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ်(၁၂) သင်တန်း ဆင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ လမ်းညွှန်ချက်များ နှင့်အညအတွေးသစ်၊ အမြင်သစ်များနဲ့ လိုက်ပါပြောင်းလဲဆောင်ရွက်ကြရန်၊ အလုပ်နှင့်ဘဝဟန်ချက်ညီအောင် ဖန်တီးနိုင်ပြီး အကြီးအမှူးကောင်း စိတ်ဓာတ်ဖြင့် မိသားစုအသွင် ဦးဆောင်လမ်းပြကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံး စွမ်းဆောင်နိုင်သူများဖြစ်ရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ချမှတ်ထား သော မူဝါဒလမ်းညွှန်ချက်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း ဦးစိုးမင်းဦး က ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက အကောင်ထည်ဖော်သောလုပ်ငန်းများကို အဓိကလိုက်ပါ အကောင်ထည်ဖော်ရ သော ဝန်ထမ်းအဖွဲအစည်းအကြီးအမှူးများ ဖြစ်လာတဲ့အခါ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်ပြု၍ စေတနာထားတာဝန်ထမ်းဆောင်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS-004)