“ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာအသင်း ရွှေ ၁၊ ငွေ ၂၊ ကြေး ၂ ရရှိ”

20 Nov

(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကာယဗလ နှင့် ကာယကြံ့ခိုင်မှုအသင်းဟာ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအတွက် ရွှေတံဆိပ်ဆုကို အမျိုးသား (၇၅) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ရဲထွန်းနောင်က ရယူပေးခဲ့တာဖြစ်ပါတယ်။ ငွေတံဆိပ်ဆုတွေကို အမျိုးသား (၈၀) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ချမ်းမြေ့ထွန်း၊ အမျိုးသမီး Swimsuit Model Physique Over 165 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်တို့က ရယူပေးခဲ့တာဖြစ်ပါတယ်။ ကြေးတံဆိပ်ဆုတွေကို အမျိုးသမီး Model Physique Up to 170 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်၊ အမျိုးသမီး Model Physique Up to 160 cm ပြိုင်ပွဲမှာ နီနီအောင်တို့က ရယူပေးခဲ့ပါတယ်။ ယခုနှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ မြန်မာကာယဗလကစားသမား ရဲထွန်းနောင် ဟာ ပြီးခဲ့တဲ့ (၁၅) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုရယူပေးထားတာကြောင့် ပြိုင်ပွဲနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS-008)

20 Nov

ADVERTISE HERE .