“ရီးရဲလ်အသင်းဥက္ကဋ္ဌက ပြန်ခေါ်ခဲ့ရင် ငြင်းဆန်နိုင်မှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့တဲ့ ဘန်ဇီမာ”
20 Nov
အယ်လ်အစ်တီဟတ်အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမာ က ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် ကသာ ပြန်ခေါ်ခဲ့ပါက ငြင်းနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက် ၃၈ နှစ် ပြည့်ခါနီးပြီဖြစ်တဲ့ ဘန်ဇီမာ ဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ဥရောပမှာ ပြန်ကစားဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ဘန်ဇီမာ က အယ်လ်အစ်တီဟတ်အသင်းမှာ အနာဂတ်အခြေအနေကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ကစားသမားဘဝက အနားမယူသေးဘဲ အနည်းဆုံး ၂ နှစ် ဆက်လက်ကစားဦးမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ လက်ရှိ အခြေအနေမှာ ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် က ဗင်နီစီယပ်စ်ကို ရောင်းထုတ်ပြီး ဘန်ဇီမာ ကို ပြန်လည် ခေါ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ (NVS-008)
20 Nov