“ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ က ချဉ်းကပ်ခဲ့တယ်လို့ဆိုတဲ့ အန်တိုနီ”
20 Nov
ဘက်တစ်အသင်းရဲ့ ကစားသမား အန်တိုနီ က ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးမှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီ က ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြား ခဲ့ပါတယ်။ အန်တိုနီ ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းကနေ ဘက်တစ်အသင်းကို ယူရို ၂၅ သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းမှာ ဆက်လက်ကစားချင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်း ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ပါတယ်။ အန်တိုနီဟာ ၂၀၂၅ ဇန်နဝါရီမှာ ဘက်တစ်ကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်သလို ဘက်တစ်ပရိသတ်တွေက အားပေးကြိုဆိုခဲ့ကြောင်း သိရပါတယ်။ အန်တိုနီ ဟာ ဘက်တစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၁၅ ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။(NVS-008)
20 Nov