“(၁၆) ကြိမ်မြောက် Globe Soccer Awards ဆုပေးပွဲကို ဒီဇင်ဘာလ ၂၈ မှာ ကျင်းပပြုလုပ်မည်”
20 Nov
ဘောလုံးလောကရဲ့ ထင်ရှားကျော်ကြားတဲ့ ဆုပေးပွဲတစ်ခုဖြစ်တဲ့ Globe Soccer Awards ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ အဆိုပါဆုပေးပွဲကို နာမည်ကျော် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်ရဲ့ ဦးဆောင်မှုနဲ့ ၂၀၁၀ ပြည့်နှစ်ကစတင်ကာ နှစ်စဥ်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ Globe Soccer Awards ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံး အားကစားဒါရိုက်တာဆု၊ အကောင်းဆုံးအေးဂျင့်ဆု၊ အကောင်းဆုံးကလပ်အသင်းဆု စသဖြင့် ဆုအမျိုးအစားများစွာ ချီးမြှင့်လေ့ရှိပြီး ၂၀၂၅ ခုနှစ်အတွက်ဆု ၁၁ မျိုး ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Globe Soccer Awards ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရရှိထားသူက စီရော်နယ်လ်ဒို ဖြစ်ပြီး ယခုနှစ်မှာလည်း အရှေ့အလယ်ပိုင်းဒေသ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်နေပါတယ်။ (NVS-008)
20 Nov