“ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည့် Colours of Myanmar ပန်းချီပြပွဲကြီးကျင်းပမည်”

20 Nov

မြန်မာ့ပန်းချီအနုပညာရဲ့ အလှတရားများနဲ့ ရှုမြင်လေ့လာမြန်မာ့အနုပညာ "Colours of Myanmar" ပန်းချီပြပွဲကြီးကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရန်ကုန်မြို့ Times City Complex ရှိ Times City Convention Center မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပန်းချီအနုပညာကို ချစ်မြတ်နိုးသူများအတွက် မြန်မာ့ပန်းချီအနုပညာ၏ စစ်မှန်သည့် အ‌ငွေ့အသက်များနှင့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ ပန်းချီကားပေါင်း ၅၀၀ ကျော်ပါဝင်ပြသသွားမည့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော ပန်းချီပြပွဲကြီးလည်းဖြစ်ပြီး ရိုးရာလက်မှုပစ္စည်းများနှင့်အတူ မြန်မာ့ရိုးရာအနုပညာနဲ့ ခေတ်ပြိုင်အနုပညာရှင်များရဲ့ ဖန်တီးမှုအမျိုးမျိုးကို တစ်နေရာတည်းမှာ ကြည့်ရှုခံစားနိုင်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင်ပန်းချီဆရာကြီးတွေရဲ့ Live သရုပ်ပြရေးဆွဲခြင်း၊ ယွန်းထည်ပေါ်တွင် Portrait ရေးဆွဲခြင်း၊ ကယ်ရီ ကေးချား(Caricature) ရေးဆွဲခြင်းများ၊ မိမိစိတ်ကူးရှိသလို ပန်းချီပိတ်ကားချပ်ပေါ်မှာ အပျော်တမ်းပန်းချီ ရေးဆွဲ ဖန်တီးထားသော လက်ရာများကို အိမ်သို့ အမှတ်တရပြန်လည်ယူဆောင်နိုင်ခြင်းအပြင် အနုပညာမြောက် အစီအစဉ် တွေ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင်မြန်မာ့အနုပညာနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို ခင်းကျင်းပြသရောင်းချနိုင်ဖို့အတွက် နေရာများ စီစဉ်ပေးထားပြီး ပါဝင်ပူးပေါင်းလိုတဲ့ လက်မှုအရောင်းဆိုင်တွေကို ဖိတ်ခေါ်ထားပါတယ်။ (NVS-004)

20 Nov

ADVERTISE HERE .