“သံဖြူဇရပ်မြို့နယ်မှာ ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၁၆ နေရာကို အကောင်အထည်ဖော်ဆောင်ရွက်နေ”
20 Nov
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၁၆ နေရာကို သက်ဆိုင်ရာတာဝန်ရှိသူ များက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အများပြည်သူများကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ကျန်းမာရေးမထိခိုက် စေရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးခြင်းဖြင့် ကျန်းမာရေးထိခိုက်စေတဲ့အန္တရာယ်မှ ကာကွယ် နိုင်ရန်ရည်ရွယ်၍ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ကျိုက္ခမီရေလယ်ဘုရား၊ ဓနသဟာရစစ်သင်္ချိုင်း၊ သေမင်းတမန်မီးရထားလမ်းပြတိုက်များကို ၂၀၂၃ ခုနှစ်မှစ၍ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် စတင်သတ်မှတ်ခဲ့ ပြီးနောက် သံဖြူဇရပ်မြို့တွင်းရှိ အစိုးရဌာနရုံးများ၊ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများ၊ စာသင်ကျောင်းများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ အားကစားကွင်းများ၊ ကျိုက္ခမီဘုရား၏ ဘုရားပရဝုဏ်၊ အမှတ်တရပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်နေရာများကိုလည်း ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် ထပ်မံသတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိတွင်သံဖြူဇရပ်မြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၁၆ ခုသတ်မှတ်ထားပြီး ဆေးလိပ်ငွေ့ကင်းစင် သောမူဝါဒများကို အများပြည်သူအသုံးပြုသော နေရာသစ်များပါဝင်ရန် ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)