“ယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများအား စားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်”
20 Nov
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း ၁၉ ခုမှာ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၂,၄၀၄ စုအတွက် အခြေခံစားသောက်ကုန်နှင့်ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာလ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ယာယီတိမ်းရှောင်စခန်း ၁၉ မှ အိမ်ထောင်စု ၂,၄၀၄ စုအတွက် ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၅၀၀ နှင့် ကြက်ဥ အလုံး ၅,၀၀၀ နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံဒါဇင် ၃၀၀ တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင်ယာယီနေအိမ်တန်းလျား တိုးချဲ့/ပြင်ဆင်တည်ဆောက်နိုင်ရေး အတွက် ငွေကျပ်သိန်း ၁၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အားပေးစကားပြောကြားခဲ့ပါတယ်။ (NVS-004)
20 Nov