သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောထပ်မံရောက်ရှိ
19 Nov
Liquified Natural Gas LNG အပြည့်သယ်ဆောင်လာတဲ့ MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ပါတယ်။ အဆိုပါသင်္ဘောက MCV Terminal မှာ ဆိုက်ကပ်ထားတဲ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှာရောက်ရှိခဲ့သည့် အဆင့်မြင့်နည်းပညာသုံး ဓာတ်ငွေ့သိုလှောင်သင်္ဘော (FSO - Floating Storage and Offloading)ဖြစ်သော MV CNTIC VPOWER ENERGY သင်္ဘောအတွင်းသို့ ဓာတ်ငွေ့များကို ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ငွေ့များကို အရည်အဖြစ်မှ ဓာတ်ငွေ့အဖြစ်သို့ပြောင်းလဲပြီး လျှပ်စစ်ဓာတ်အားများကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ယခုရောက်ရှိလာတဲ့ MT DAPENG PRINCESS ကို ကပ်ပေးပြီးဖြစ်တဲ့အတွက် CVE ထဲသို့ သဘာဝဓာတ်ငွေ့ကို ကူးပြောင်းပေးပို့ပြီးပါက မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
19 Nov