ဂျပန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် နေရာရရှိရန် အရည်အချင်းလုံးဝမပြည့်မီဟု တရုတ်နိုင်ငံသံတမန် ဆို
19 Nov
ထိုင်ဝမ်နှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ၏ မှတ်ချက်များမှာ အလွန်မှားယွင်းပြီး အန္တရာယ်များကြောင်း တရုတ်သံတမန်တစ်ဦးက နိုဝင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ "သူတို့က တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်တာဖြစ်သလို တရုတ်တစ်နိုင်ငံတည်း မူဝါဒနဲ့ တရုတ်နဲ့ ဂျပန်အကြား နိုင်ငံရေးသဘောတူစာချုပ်လေးခုရဲ့ အနှစ်သာရကို ပြင်းထန်စွာချိုးဖောက်တာ ဖြစ်ပါတယ်" ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး က ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေးဆိုင်ရာ နှစ်ပတ်လည်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ "အဲဒီလိုမှတ်ချက်တွေက နိုင်ငံတကာတရားမျှတမှု၊ စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်နဲ့ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတွေကို စော်ကားရာရောက်ပြီး ငြိမ်းချမ်းတဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံရဲ့ ကတိကဝတ်ကနေ ထင်ရှားစွာသွေဖည်သွားခြင်းကိုလည်း ကိုယ်စားပြုပါတယ်" ဟု ၎င်းက ဆိုသည်။ "အဲဒီလိုနိုင်ငံတစ်နိုင်ငံအနေနဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် လုံခြုံရေးကောင်စီမှာ နေရာကိုရရှိဖို့ အရည်အချင်း လုံးဝမပြည့်မီပါဘူး" ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)