“ပြင်သစ်လိဂ် တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ဂရင်းဝုဒ်”

19 Nov

မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ် ဟာ အောက်တိုဘာလအတွက် ပြင်သစ်လိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးဟာ အောက်တိုဘာလအတွင်း မာဆေးလ်အသင်းအတွက် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ ဂရင်းဝုဒ် ဟာ မန်ယူအသင်းကနေ အခက်အခဲတွေနဲ့ ထွက်ခွာ လာခဲ့ရပြီးနောက် ဥရောပမှာ ကစားသမားဘဝကို ဆက်လက်ရှင်သန်နိုင်ဖို့ ကြိုးစားနေခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၂၄ ဇူလိုင်မှာ မာဆေးလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို ၃၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဂရင်းဝုဒ် ဟာ ပြင်သစ်မြေပေါ်မှာ ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။ မာဆေးလ်အသင်းနဲ့ ပထမဆုံးဘောလုံးရာသီမှာ လိဂ်ပွဲ ၃၄ ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး ၂၁ ဂိုးသွင်းယူပေးထားခဲ့တဲ့ ဂရင်းဝုဒ်ဟာ အခုရာသီမှာလည်း ပုံစံကောင်းကို ဆက်လက်ပြသနေပါတယ်။ ဂရင်းဝုဒ် က အောက်တိုဘာလအတွင်းကစားခဲ့တဲ့ လီဟာဗရေးအသင်းနဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးသွင်းယူမှု အပါအဝင် အောက်တိုဘာလအတွင်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အခုလိုတစ်လတာအကောင်းဆုံးဆုကို ရရှိတာ ဖြစ်ပါတယ်။ (NVS-008)

19 Nov

ADVERTISE HERE .