“ATP ဖိုင်နယ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဆင်နာ”

19 Nov

အီတလီနိုင်ငံ တူရင်မြို့မှာ ကျင်းပခဲ့တဲ့ အမျိုးသားတင်းနစ် ရာသီပိတ်ပြိုင်ပွဲဖြစ်တဲ့ ATP ဖိုင်နယ် ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်(၂) ဆင်နာအနိုင်ရပြီး ချန်ပီယံဆုကို ဆက်လက်ထိန်းသွားခဲ့ပါတယ်။ အခုနှစ် ATP ဖိုင်နယ်ရဲ့ ဗိုလ်လုပွဲမှာ ၂၀၂၅ မှာ တင်းနစ်လောကကို ကြီးစိုးထားတဲ့ ကမ္ဘာ့အဆင့် (၁) စပိန်နိုင်ငံ သား အယ်ကာရက်ဇ်နဲ့ ကမ္ဘာ့အဆင့် (၂) အီတလီနိုင်ငံသား ဆင်နာ တို့ယှဉ်ပြိုင်ခဲ့ကြပြီး အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဆင်နာ က အီတလီပရိသတ်တွေရဲ့ အပြည့်အဝအားပေးမှုနဲ့အတူ ပွဲကို အကောင်းဆုံး ကစားနိုင်ခဲ့သလို အယ်ကာရက်ဇ် ကလည်း ပြိုင်ဘက်ကို အကောင်းဆုံးတုန့်ပြန်သွားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၂ နာရီ နဲ့ ၁၅ မိနစ်ကြာ အကြိတ်အနယ်ယှဉ်ပြိုင်အပြီးမှာတော့ ဆင်နာ က အယ်ကာရက်ဇ် ကို ၇း၆၊၇း၅ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြင့်ဆုံးဆုကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅ သန်းကျော် ရရှိခဲ့ပါတယ်။ (NVS-008)

19 Nov

ADVERTISE HERE .