“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်း ၄၂ သင်းအထိရှိလာ”

19 Nov

ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲတွေအပြီးမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်း ၄၂ သင်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်တို့နဲ့အတူ ယှဉ်ပြိုင်ခွင့် ရရှိမယ့်အသင်းတွေက ဂျပန်၊ နယူးဇီလန်၊ အီရန်၊ အာဂျင်တီးနား၊ ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ပါရာဂွေး၊ မော်ရိုကို၊ တူနီးရှား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ ဂါနာ၊ ကိတ်ဗာဒီ၊ တောင်အာဖရိက၊ ကာတာ၊ အင်္ဂလန်၊ ဆော်ဒီ၊ အိုင်ဗရီကို့စ်၊ ဆီနီဂေါ၊ ပြင်သစ်၊ ခရိုအေးရှား၊ ပေါ်တူဂီ၊ နော်ဝေ၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ စပိန်၊ စကော့တလန်၊ ပနားမား၊ ကူရာကာအို၊ ဟေတီ တို့ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းနဲ့ ကျင်းပသွားမှာဖြစ်တာကြောင့် နောက်ထပ် ၆ သင်းသာ အဖြေပေါ်ဖို့ လိုအပ်နေပါတယ်။ (NVS-008)

19 Nov

ADVERTISE HERE .