“ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ ရေကြီးမြေပြိုမှုကြောင့် ခုနစ်ဦးသေဆုံး”

19 Nov

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခြင်းနှင့်မြေပြိုခြင်း ဖြစ်ပွားမှုများကြောင့် ခုနစ်ဦးသေဆုံးခဲ့ကာ အခြားခုနစ်ဦးပျောက်ဆုံးနေကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာလ ၁၈ ရက် က ဖော်ပြခဲ့သည်။ ခန်းဟွာပြည်နယ်တွင် ရေလွှမ်းမိုးနစ်မြုပ်မှုကြောင့် ခုနစ်ဦးသေဆုံးခဲ့ပြီး လူနှစ်ဦးမှာ ပျောက်ဆုံးလျက် ရှိသည်။ အလားတူ နောက်ထပ်မြေပြိုမှုကြောင့် ဒါနန်မြို့၌ လူသုံးဦး ပျောက်ဆုံးခဲ့သည်။ ရေကြီး နစ်မြုပ်မှုနှင့်အတူ ကွမ်ထရီပြည်နယ်နှင့် ဟရူးမြို့၌ လူတစ်ဦးစီ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ ရေလွှမ်းမိုးနစ်မြုပ်မှုများကြောင့် ကွမ်ထရီပြည်နယ်နှင့် ဟရူးမြို့ရှိ လူနေအိမ်ခြေ ၁၃,၇၅၉ လုံး နစ်မြုပ်ခဲ့ပြီး စပါးစိုက်ပျိုးမှု ဟက်တာ ၇,၀၀၀ ခန့် ပျက်စီးခဲ့သည်။ ရေကြီးခြင်းကြောင့် တိရစ္ဆာန် ၃၅၇ ကောင်နှင့် ကြက်၊ ငှက် ၄,၉၀၀ သေဆုံးခဲ့သည်။ ကွမ်ထရီပြည်နယ်၊ ဟရူးမြို့၊ ကွမ်ဂိုင်ပြည်နယ်နှင့် လမ်ဒေါင်ပြည်နယ်များ၏ သယ်ယူ ပို့ဆောင်ရေးကွန်ရက်များ အများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

19 Nov

ADVERTISE HERE .