“ဒေါ်နယ်ထရမ့်က ဆော်ဒီအာရေဗျနိုင်ငံသို့ F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချသွားရန် အစီအစဉ် ရှိဟုဆို”

19 Nov

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် အမေရိကန်ပြည်ထောင်စုသို့ လာရောက်မလည်ပတ်မီ တစ်ရက်အလိုတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ F-35 ဂျက်တိုက်လေယာဉ်များရောင်းချသွားရန် အစီအစဉ် ရှိ ကြောင်း နိုဝင်ဘာလ ၁၇ ရက်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ သမ္မတထရမ့်သည် F-35 ဂျက်တိုက်လေယာဉ်များကို ရောင်းချသွားမည်ဖြစ်ကြောင်း သမ္မတရုံးခန်း၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံသည် အလွန်ကောင်းမွန်သော မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ် ကြောင်းလည်း ၎င်းက ပြောကြားသည်။ လတ်တလောတွင် အရှေ့အလယ်ပိုင်းဒေသ၌ F-35 ဂျက်တိုက်လေယာဉ်များကို အစ္စရေးနိုင်ငံသာ ပိုင်ဆိုင်ထားသေးကြောင်း၊ F-35 ဂျက်တိုက်လေယာဉ်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ကုန်ကျ နိုင်ကြောင်း၊ ထို့အပြင် F-35 ဂျက်တိုက်လေယာဉ်သည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ဂျက် တိုက်လေယာဉ်များထဲမှ တစ်စင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

19 Nov

ADVERTISE HERE .