“ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် ဥပဒေ၊နည်းဥပဒေနှင့်အညီဖြစ်စေရေး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်လို”
19 Nov
မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများ၊ ပါတီများမှ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ကြသည့်အချိန်တွင် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီဖြစ်စေရေး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်မှာ ကျင်းပတဲ့ ကော်မရှင်ရုံးနှင့် အဖွဲ့ခွဲ့ရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများကို လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ခံရတဲ့ ရွေးကောက်ပွဲများဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လာမည့် ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမည်ဖြစ်ပြီး ယခုအချိန်တွင် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS-004)