“သံဃာတော် အပါး ၁၄၀ ကျော်ကို သာသနာ့တက္ကသီလမဟာဘွဲ့ အပ်နှင်းမည်”

19 Nov

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တို့က ၁၃၈၄-၁၃၈၅ ပညာသင်နှစ်မှာ သာသနာ့တက္ကသီလမဟာဓမ္မာစရိယဘွဲ့ အမ်အေ ၂၄ ပါးနဲ့ သာသနာ့တက္ကသီလ ဓမ္မာစရိယဘွဲ ဘီအေ ၁၁၉ ပါးကို ဘွဲ့ဆက်ကပ်သွားမယ်လို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက သိရပါတယ်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)၏ (၃၁) ကြိမ်မြောက် သာသနာ့တက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားမှာ သံဃာတော် ၁၄၃ ပါးကို ဆက်ကပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ နေ့လယ် ၁ နာရီမှာ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မဟာဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြတ်စွာဘုရားတစ်ဆူ အပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး၊ ဘွဲ့ခံ သံဃာတော် ၁၄၃ ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

19 Nov

ADVERTISE HERE .