“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်”
19 Nov
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် တရားမဝင် ဝင်/ထွက်သွားလာမှု လျော့နည်းပပျောက်ရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အထိ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. WANG Zhizhong နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် များ၌ လူဝင်မှုစစ်ဆေးရေးစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်များမှ တရားဝင် ဝင်/ထွက် သွားလာမှုရှိစေရေးတို့အတွက် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ထို့ပြင် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ လူကုန် ကူးမှုတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားမှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး၊ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီစိစစ်ပြီး နေရပ်ပြန်ပို့နိုင်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)