“ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းအပတ်စဉ် (၁) ဖွင့်လှစ်”

19 Nov

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေနဲ့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းအပတ်စဉ် (၁) ကို နိုဝင်ဘာလ ၁၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါသင်တန်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းမှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနဲ့ သိပ္ပံနှင့်နည်းပညာ၊ ပညာရေးကဏ္ဍပူးပေါင်းပြီး ခေတ်မီနည်းပညာအပိုင်း သင်ကြားသင်ယူမှုဖွံ့ဖြိုးရေးကို ဆောင်ရွက် တာ အလွန်ကောင်းမွန်ပါကြောင်း၊ တက္ကသိုလ်ကျောင်းတွေမှာ စာတွေ့သင်ကြားသလို လက်တွေ့လိုအပ်ချက်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်ခြင်းက အလွန်ကောင်းပါကြောင်း၊ စက်အရံပစ္စည်း Spare Parts များ၊ မွမ်းမံပြင်ဆင်မှု Maintenance and Repair ကိစ္စတွေကို အလေးထားလေ့လာသင်ယူဖို့ မေတ္တာရပ်ခံလိုပါကြောင်း သင်ရိုးညွှန်းတမ်း တွေကအစ စဉ်းစားပြီး လက်တွေ့အသုံးချနိုင်အောင် ပြင်ဆင်ဆောင်ရွက်ဖို့ တိုက်တွန်းအကြံပြုလိုပါကြောင်းနှင့် အခုသင်တန်းကို အခြေခံလက်မှတ်အဆင့် (Level-1)၊ အဆင့်မြင့်လက်မှတ် အဆင့် (Level-2) တွေကနေ ဒီပလိုမာ အဆင့်အထိ ဖွင့်လှစ်ဖို့ကို ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါတယ်။ အပတ်စဉ် (၁)မှာ ကျောင်းသား/ကျောင်းသူ ၆၃ ဦး တက်ရောက်နေပြီး သင်တန်းကာလမှာ ၄ လ သတ်မှတ် ထားကာ စာတွေ့လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်။ နိုင်ငံ၏စီးပွားရေးကဏ္ဍဖြစ်တဲ့ ဆန်စပါးနည်းပညာ ထုတ်လုပ်သည့်ကဏ္ဍမှာ လိုအပ်နေတဲ့ ကျွမ်းကျင်လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

19 Nov

ADVERTISE HERE .