“မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆)လုံးပါ Block of Stamp အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်”

18 Nov

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ့တူရိယာ တစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များအနေနဲ့ တစုတစည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့တူရိယာများ ၂ဝဝ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် တစ်မျိုးအား ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမယ်လို့ သိရပါတယ်။ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်(ကြာသပတေးနေ့)တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

18 Nov

ADVERTISE HERE .