“ပြည်ပသို့ လက်ဝတ်ရတနာများ ပြန်လည်တင်ပို့မည်”
18 Nov
နိုင်ငံတကာဈေးကွက်သို့ ရွှေနဲ့ပြုလုပ်ထားသော အဆောင်ရုပ်၊ လက်ဝတ်ရတနာများကို ပြန်လည်တင်ပို့ နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ပြည်ပနိုင်ငံများသို့ လက်ဝက်ရတနာများတင်ပို့ခြင်းကို ၂ဝ၂ဝ ပြည့်နှစ်မတိုင်ခင် ကာလများတွင် ဂျပန်နှင့် ကိုရီးယားနိုင်ငံများထံ လက်ဝတ်ရတနာများတင်ပို့ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်းမှာ တင်ပို့မှုနည်ပါးသွားခဲ့ပြီး ယခုအခါမှာ ပြန်လည်တင်ပို့ရန် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပြည်ပသို့ ရွှေထည်တင်ပို့ရာတွင် ၁၂ ပဲရည် ရွှေထည်နဲ့ပြုလုပ်ထားတဲ့ ရွှေထည်များကို အများဆုံးတင်ပို့ ရောင်းချမှာဖြစ်တဲ့အတွက် အရောင်းအဝယ်များမှာ အဆင်ပြေလာနိုင်ခြေရှိကြောင်း သိရပါတယ်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ နာမည်ကြီးရွှေဆိုင်ကြီးများအပါအဝင် ရွှေဆိုင် ၁,ဝဝဝ ကျော်မှာ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားပြီး လစဉ်ရွှေဆိုင်အသစ်နှစ်ဆိုင် တိုးတက်ဖွင့်လှစ်မှုများလည်း ရှိလာကြောင်း သိရပါတယ်။ (NVS-004)